The Arakan Rohingya Salvation Army (ARSA) ဆိုတဲ့ ဘင်္ဂါလီတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့ရဲ့ မူလနာမည်က Harakah al-Yaqin ဆိုတာ ဖြစ်ပါတယ်။ အဲ့ဒီ မတိုင်ခင်ကတော့ သူတို့ကို ယုံကြည်ခြင်း လှုပ်ရှားမှုလို့ သိထားကြပါတယ်။ သူတို့ လှုပ်ရှားတဲ့ နယ်မြေက တစ်ခါမှမရှိဖူးတဲ့ ရိုဟင်ဂျာ လို့ သူတို့ကိုယ် သူတို့ နာမည်တပ်နေတဲ့ ဘင်္ဂလီတွေ ရှိရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပြီး တောကို အဓိက အခြေပြုလှုပ်ရှားတယ်လို့ သိရပါတယ်။ခေါင်းဆောင်က အခု သေပြီလို့ သတင်းထွက်နေတဲ့ အာတာအူလာ ဆိုသူ ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ မွေးဖွားခဲ့ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာမြို့မှာ ကြီးပြင်းခဲ့ပါတယ်။

အခု စစ်တွေမြို့ အကျဉ်ထောင်မှာ ကျခံနေရတဲ့ ARSA နဲ့ ပတ်သက်မှု ရှိသူကို စစ်ဆေးမေးမြန်းတုန်း သူ ထွက်ဆိုခဲ့ပုံ အရ သူတို့ ရည်ရွယ်ချက်ဟာ ရိုဟင်ဂျာတွေ အတွက် ဒီမိုကရက်တစ် မူဆလင်ပြည်နယ် ထူထောင်ရေးလို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အခြေအနေမှာ ပြည်ပ က အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တယ်လို့ အထောက်အထားတွေ မတွေ့ရသေးပေမယ့် နိုင်ငံခြားက အစ္စလာမ်မစ် အဖွဲ့တချို့က ထောက်ပံ့တယ်လို့ မြန်မာအစိုးရက သံသယ ရှိနေကြောင်း ဝီကီပီဒီယားက ဖော်ပြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ရဲကင်းနဲ့ ရဲစခန်းတချို့ကို တိုက်ခိုက်မှု လုပ်ခဲ့ပြီး အရပ်သားတွေကို ပါ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဖြစ်ပြီး သြဂုတ်လ အတွင်းမှာတော့ သူတို့ကို အကြမ်းဖက်အုပ်စု အဖြစ်ကြေငြာခဲ့ပါတယ်။
ထက်အောင်ဖြိုး
(ထက်အောင်ဖြိုးသည် Virtual Light ကို စတင်တည်ထောင်သူ တစ်ဦးဖြစ်သည်။)