Blog မှာ Facebook Like Box ထည့်နည်း

ကျွန်တော့်လို Blogspot.com ကို စိတ်ဝင်စားတဲ့ မိတ်ဆွေများ အတွက် သေချာစမ်းသပ်ပြီးတော့ အဆင်ပြေတဲ့ Blog Like box ထည့်နည်းကို ဝေမျှပါ ရစေ။ 
အရင်ဆုံး အနေနဲ့ ဘလော့နဲ့ ချိတ်မယ့် Facebook page ထောင်လိုက်ပါ။ Page ထောင်နည်းကိုတော့ အသေးစိတ်မရေးတော့ပါဘူး။ 
https://developers.facebook.com/…/plugins/like-box-for-pages ဆိုတဲ့ လင့်ကို ဝင်လိုက်ပါ။ အဲ့ဒီမှာ Like box ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ ထဲက Page Plugin ဆိုတာကို နှိပ်ပြီး ဝင်လိုက်ပါ။ 
အဲ့ဒီက Facebook Page URL ထဲမှာ ကိုယ့် Page ရဲ့ လင့်ကို ထည့်လိုက်ပါ။ ပြီးရင် Get code ဆိုတာ ကို နှိပ်လိုက်ပါ။ ကုတ်တွေ ထွက်လာပါလိမ့်မယ်။ Javascript SDK နဲ့ IFrame ဆိုတာ ရှိတဲ့ အထဲက IFrame ကို နှိပ်လိုက်ပါ။ Step 2 ဆိုတဲ့ အကွက်ထဲက ကုတ်တွေကို ကူးလိုက်ပါ။
ပြီးရင် ကိုယ့်ဘလော ရဲ့ Layout ထဲ ဝင်ပါ။ Add a Gadget ကို နှိပ်ပြီး ပေါ်လာတဲ့ အထဲက HTML/JavaScript ထဲ ဝင်ပြီး အကွက်ထဲမှာ ခုနက ကူထားတဲ့ လင့်ကို Paste လုပ်ပေးလိုက်ပါ။ ပြီးတော့ save ပေးပြီးရင်တော့ မိတ်ဆွေရဲ့ ဘလော့မှာ Facebook Like box တစ်ခု ရပါပြီ။


ထက်အောင်ဖြိုး 
(ထက်အောင်ဖြိုးသည် Virtual Light ကို တည်ထောင်သူ တစ်ဦး ဖြစ်သည်)

Share this

Related Posts

Previous
Next Post »