ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး မိန့်ခွန်း

တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုသည်မှာ
““သဘောတရားသက်သက်နဲ့ ကြည့်ပြီးပြောရမယ်ဆိုရင် တိုင်းပြု ပြည်ပြုလွှတ်တော်ဆိုတာဟာ ဘာဖြစ်လို့ပေါ်ပေါက် လာရသလဲဆိုရင် တိုင်းပြည်အသစ်တည်လို့ တိုင်းသစ်၊ ပြည်သစ်၊ နိုင်ငံသစ်တည်ထောင်ဖို့ ပေါ်ပေါက်လာရခြင်း ဖြစ်တယ်လို့ အဲဒီလိုသဘောတရားမှာရှိတယ်။ ကျွန်တော်တို့ ဗမာ့စာပေနယ်မှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာ အစဆိုပြီး ဖွဲ့တဲ့အခါတုန်းက မဟာ သမ္မတမင်း မြှောက်ကြတယ်ဆိုပြီး လူတွေစုရုံးပြီးမြှောက်ကြတဲ့ အစည်း အဝေးမျိုးက ကမ္ဘာကြီးမှာ ပထမဆုံး တိုင်းပြုပြည်ပြုလွှတ်တော်လို့ ဆိုရမှာပဲ””

တိုင်းပြု ပြည်ပြု လွှတ်တော်နှင့် နိုင်ငံသစ်နှစ်မျိုး
““အဲဒီတော့ကာ အဲဒီနိုင်ငံအသစ် တည်ထောင်စရာရှိတဲ့အခါမှာ တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာ ပေါ်လာစမြဲ ဖြစ်ပါတယ်။ နိုင်ငံအသစ် ဆိုတဲ့ သဘောကလည်း ကိုယ့်တိုင်းပြည်ကို အခြားနိုင်ငံကနေပြီးတော့ အုပ်စိုးလွှမ်း မိုးထားလို့ အဲဒီလွှမ်းမိုး အုပ်စိုးခြင်းကို တွန်းလှန်ပယ်ဖျက်ပြီးတဲ့နောက် မိမိတို့ တိုင်းပြည် မိမိတို့အစိုးရ ကိုယ့်မင်း ကိုယ်ချင်း တည်ထောင်ဖို့အတွက် တိုင်းပြုပြည်ပြု လွှတ်တော်လုပ်တာက တစ်မျိုး၊ နောက်တစ်မျိုးက ကိုယ့်လူ မျိုးအချင်းချင်းဖြစ်တဲ့ လူတန်းစားအ ချင်းချင်းရဲ့ချုပ်ချယ်အုပ်စိုးမှုမှ လွတ် မြောက်လာပြီးတဲ့နောက် နိုင်ငံသစ် ထူထောင်တဲ့ နည်းဖြစ်တယ်။ အဲဒီ တော့ နိုင်ငံသစ်ဆိုတာက အကြမ်း အားဖြင့် ဆိုလို့ရှိရင် အဓိပ္ပာယ်နှစ် မျိုးရှိတယ်။ အဲဒီလို နှစ်မျိုးရှိတဲ့အခါ မယ်၊ နှစ်မျိုးစလုံးပေါ်ပေါက်လာတဲ့ အချိန်အခါမျိုးမှာ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ထုံးစံအားဖြင့် ပေါ်လာစမြဲ ဖြစ်ပါတယ်””

တိုင်းပြု ပြည်ပြု လွှတ်တော်၏ တာဝန်
““ဘယ်လိုတိုင်းပြည်ရဲ့ ပုံစံဟာ ဘယ်လိုရှိသင့်တယ်ဆိုတာကိုတိုင်းပြု ပြည်ပြုလွှတ်တော်ကနေပြီးတော့ကာ ဖြစ်အောင်လုပ်ဖို့လိုပါတယ်။ အဲဒီလို ဆိုတော့ကာ တိုင်းပြု ပြည်ပြု လွှတ် တော်ရဲ့ တာဝန်ဟာ ဘာလဲဆိုရင် နိုင်ငံသစ်ထူထောင်ဖို့ တာဝန်ဖြစ်ပါ တယ်။ အဲဒီနိုင်ငံသစ် ထူထောင်ဖို့ဟာ သာမန်အားဖြင့်ပြောရမယ်ဆိုရင် ဘယ် တိုင်းပြု ပြည်ပြု လွှတ်တော်မဆို အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မျိုးသာ ဖြစ်ရမယ်။ အဲဒီလို အချုပ်အခြာ အာဏာနဲ့ မပြည့်စုံလျှင်လည်း ကိုယ် လိုချင်တဲ့ နိုင်ငံသစ်ကို တည်နိုင်တဲ့ အခြေအနေရှိမှာ မဟုတ်ပါဘူး””

တိုင်းပြု ပြည်ပြု လွှတ်တော်၏ ထူးခြားချက်
““ကျွန်တော်တို့တိုင်းပြု ပြည်ပြု လွှတ်တော်ပေါ်ပေါက်လာတဲ့ အခြေ အနေနဲ့ အခြားတိုင်းပြည်တွေမှာ ပေါ်ပေါက်လာတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်အခြေအနေနဲ့ ကွာခြားနေ တဲ့အချက်တွေရှိပါတယ်။ အဲဒီလို ကွာခြားမှုတွေကြောင့် ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ လည်း ထူးထူးခြားခြားဖြစ်တဲ့အကြောင်း တွေရှိနေတယ်။ တခြား တိုင်းပြည် တွေမှာ ဥပမာ ယခင်ခေတ်တွေက ဟိုးရှေးတုန်းက တော်လှန်ရေးဖြစ်ပြီး တဲ့နောက် တိုင်းပြု ပြည်ပြု လွှတ်တော် ဆိုတာမျိုး ပေါ်လာခဲ့ဖူးပါတယ်။ အဲဒီလိုပေါ်လာတဲ့အခါမှာလည်း ဒီ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ အာဏာရပြီးသား လွှတ်တော် ဖြစ်နေတယ်””
““သို့သော်လည်းပဲ၊ ကျွန်တော် တို့ တိုင်းပြည်ကတော့ ယခုတိုင်းပြု ပြည်ပြု လွှတ်တော်ကျင်းပနေတဲ့ အချိန်အခါမှာ ကျွန်တော်တို့တိုင်း ပြည်က အာဏာရပြီးတဲ့အခြေအနေ မရောက်သေးပါဘူး””
““သို့သော်လည်းပဲ၊ ကျွန်တော် တို့ အခုရထားတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကတော့ကာ ကိုယ်ကြိုက် ရာဆုံးဖြတ်ပြီးတော့ လုပ်နိုင်တယ် ဆိုတဲ့ဟာကို အင်္ဂလိပ်အစိုးရက သဘောတူပြီးသားဖြစ်တယ်””
““အဲဒီတော့ ယခုအချုပ်အခြာ အာဏာသဘောမျိုးအဆင့်အတန်း ဆိုပါတော့၊ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ သူဟာသူ လုပ်တဲ့နေရာမှာ လွတ်လွတ်လပ် လပ်ရှိတယ်။ အဲဒီလိုလွတ်လွတ်လပ် လပ်ရှိတဲ့အတွက် (ျအအေကျ) အဆင့် အတန်းမှာတော့ကာ အချုပ်အခြာ အာဏာအဖွဲ့သဘောမျိုးဖြစ်တယ်။ သို့သော်လည်းပဲ ဥပဒေသဘောနဲ့ ပြောမယ်ဆိုရင် အာဏာတော့မရှိသေးဘူး””

လွတ်လပ်ရေးနှင့် ပတ်သက်၍
““အဲဒီတော့ကာ ကျွန်တော်တို့ ဒီလွတ်လပ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ဖဆပလ အဖွဲ့ချုပ်ကြီးက ၁၉၄၆ ခုနှစ် ဇန်နဝါရီမှာ ကျင်းပ ခဲ့တဲ့ ပထမ ဖဆပလ မြန်မာနိုင်ငံလုံး ဆိုင်ရာ အဖွဲ့ချုပ်ညီလာခံကြီးက မြန်မာပြည်ဟာ လုံးဝလွတ်လပ်ရေး ကို လိုချင်တယ်။ ဘယ်လို ဒိုမီနီယံ စတိတ်ကိုမှ မလိုချင်ဘူးဆိုပြီးတော့ ကျွန်တော်တို့ရည်ရွယ်ချက်အဖြစ်နဲ့ အတိအလင်း ကြေညာခဲ့ပါတယ်။ အဲဒီကြေညာခဲ့တဲ့အတိုင်းပဲ ကျွန်တော် တို့လွန်ခဲ့တဲ့ မေလအတွင်းမှာ ကျင်းပ ကြတဲ့ ဖဆပလ ပဏာမညီလာခံမှာ လည်းပဲ ကျွန်တော်တို့ဟာ ဒီမြန်မာ ပြည်ကြီးကို လုံးဝလွတ်လပ်ပြီးတော့ အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံအဖြစ်နဲ့ တည်ထောင်မယ် ဆိုပြီးတော့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ တယ်။ နောက်ပြီးတော့လည်းပဲ ဒီ တိုင်းပြု ပြည်ပြု လွှတ်တော်ကြီးမှာ လည်း ကျွန်တော်ကိုယ်တိုင်တင်သွင်း ခဲ့ပြီးတော့ကာ ဒီအချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံကို တည် ထောင်မယ်ဆိုပြီးတော့ကာ အဲဒီ ဆုံးဖြတ်ချက်ကို တင်သွင်းလို့ ဆုံး ဖြတ်လို့တောင် ပြီးပြီ””
““ဒီလုံးဝလွတ်လပ်ရေးကို ဆုံး ဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီ တိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး ရအောင် လုပ်မယ်ဆိုတာလည်း ကျွန်တော်တို့လုပ်နေလျက်ပါပဲ””
““သို့သော်လည်းပဲ အဲဒီလို လွတ်လပ်ရေးရအောင် ကျုပ်တို့က လုပ်တဲ့နေရာမှာ အလွယ်ဆုံး အကောင်းဆုံး၊ အအေးဆုံးနည်းကို ရှာတယ်””
““လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ် ကဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစား ဖို့ဖြစ်စေ၊ တစ်မျိုးလုံးကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦး တစ်ယောက်ရဲ့ အကျိုးကိုမထိခိုက်ဘဲ နဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့် တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ””
““နောက်ပြီးတော့ လွတ်လပ်ရေး ရတဲ့အခါမှာ လွတ်လပ်ရေး အခွင့်အရေးတွေ ရတယ်။ လွတ်လပ်ရေး ရတဲ့အခါမှာ ခင်ဗျားတို့ အခွင့်အရေး တွေ ပိုရတာလည်းရှိတယ်။ အခွင့်အရေးတွေ ပိုရသလိုပဲ တာဝန်တွေ လည်း ပိုလာလိမ့်မယ်””

ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍
““ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည် ထူထောင်ကြမယ် ဆိုလို့ရှိရင်လည်း (National Planning) ခေါ်တဲ့ အဲဒီစီမံကိန်းမျိုးတွေနဲ့ မလုပ်ဘဲနဲ့ ဘယ်နည်းနဲ့မှ ကျွန်တော်တို့ တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး၊ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သတိရှိစေချင်ပါတယ်။ အဲဒီတော့ ပဒေသာပင်ဟာ မြေကပေါက်လာမှာ မဟုတ်ပါဘူး။ ပဒေသာပင် ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နား လည်စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေးရပင် ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေး ဟာ ဒီနေ့ရပြီး မနက်ဖြန်ခါ တခြား လက် ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျား တို့သိစေချင်တယ်””
““ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် တခြား လွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော် တို့က ခြေလှမ်း ၄၊ ၅၊ ၁ဝ လှမ်း လှမ်းလိုက် နိုင်မှ အဲဒီလိုလိုက်နိုင်တဲ့အခါကျမှ နောက် ၁ဝ နှစ်၊ အနှစ် ၂ဝ တန်သည် အားဖြင့် အဲဒီလို တန်းတူညီတူဖြစ် သွားမယ်။ တန်းတူညီတူမဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့မြင် တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့ မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လိုနိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့ အတိအလင်းနားလည် ထားစေချင်တယ်””

ညီညွတ်ရေးနှင့် ပတ်သက်၍
““အဲဒီတော့ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းရင်း သား လူထုညီညွတ်ရေး၊ စားဖား သမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်း ချင်း ညီညွတ်ရေး၊ တိုင်းသူ ပြည်သား လူထုညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး ဒီ တိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ် ငြားသော်လည်း၊ ဘယ်ပါတီတက် တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ် တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော် ပြောချင်တယ်””

ဖဆပလနှင့်ပတ်သက်၍
““ဖဆပလအဖွဲ့ချုပ်က တစ်ခါ တလေ အပြောအဆို မှားတာရှိရင် ရှိမယ်။ တစ်ခါတလေလည်း အလုပ် နည်းနည်းပါးပါး မှားတာရှိမယ်။ သို့သော်လည်းပဲ စေတနာကတော့ သန့်ရှင်းလျက်ပါပဲ။ ဒါကျွန်တော် သေသေချာချာ ဝန်ခံရဲပါတယ်။ ဖဆပလအဖွဲ့က ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်တည်းက ဖောက်ပြန်သွား တဲ့လူရှိချင်ရှိမယ်။ သို့သော်လည်း အဖွဲ့အနေအားဖြင့် ဘယ်တော့မှ မဖောက်ပြန်ဘူးဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီအတိုင်းပဲ မဖောက်ပြန်တဲ့ သန့်ရှင်းတဲ့စေတနာ နဲ့ ခြေလှမ်းမှန်မှန်နဲ့နေပြီး၊ မြန်မာပြည် လွတ်လပ်ရေးရအောင်ဆိုပြီး အကောင် အထည်ပေါ်အောင် တစ်စ တစ်စ ရုပ်လုံးလည်း ကျွန်တော်တို့ ပေါ်လာခဲ့ ပြီ။ နောက်ရက်များ မကြာမီမှာဆိုရင် တစ်ဆင့်တက်ပြီး ခင်ဗျားတို့ အဲဒီ ရုပ်လုံးပေါ်လာတာကို မြင်ရအုံးမှာပဲ။ အဲဒီလို ပေါ်လာပြီးတော့ တစ်ဆင့် ထက် တစ်ဆင့်လုပ်တဲ့နေရာမှာ အကောင်းဆုံးအလွယ်ဆုံး အအေးဆုံး ဆိုတဲ့နည်းကို ကျွန်တော်တို့က ပထမ ရှေးဦးစွာ ကျွန်တော်တို့ရှာပြီးလုပ်မှာ ပဲ။ သို့သော်လည်းပဲ အဲဒီလိုလုပ်လို့ မရဘူးဆိုရင် ကျွန်တော်တို့ ရှေးကလည်း ပြောလာခဲ့တာတွေရှိပါတယ်။ ခင်ဗျားတို့ ပြန်စဉ်းစားကြည့်။ အေး အေးနဲ့ မရရင် ရနိုင်တဲ့နည်းနဲ့ လုပ်ရမှာပဲ။ ဒီတော့ တိုင်းပြု ပြည်ပြုလွှတ် တော်ကို အချုပ်အခြာအာဏာနဲ့ ပြည့်စုံ တဲ့ လွှတ်တော်မဟုတ်ဘူးလို့ ကျွန် တော်ပြောတယ်ဆိုတာက အေးအေး ချမ်းချမ်း အင်္ဂလိပ်အစိုးရနဲ့ ကျွန်တော် တို့ အဆီးအတား အဏာလွှဲပြောင်း ယူနိုင်အောင် ကျွန်တော်တို့ ပထမ ရှေးဦးစွာ ဒီသဘောကိုထားခြင်းသာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန် တော်တို့ ပိုင်းခြားသတ်မှတ်ထားတဲ့ အချိန်အခါရောက်လို့ အကြည် အသာဆိုတဲ့ ကိစ္စမျိုးမဖြစ်လို့ရှိရင် ကျွန်တော်တို့က အတင်းလုပ်မှာပဲဆို တာတော့ ဒါပြောထားပြီးသား။ ဘာမှ ကျွန်တော်တို့ထပ်ပြောနေစရာ မလိုပါဘူး””
၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက် ရန်ကုန်မြို့တော်ခန်းမကြီး၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ထိုအချိန်က တည်ရှိနေသော တိုင်းပြု ပြည်ပြု လွှတ်တော်ပုံသဏ္ဌာန်နှင့် တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရန် အာမခံကြောင်း၊ လွတ်လပ်ရေးရလျှင် လွတ်လပ်ရေးနှင့် ထိုက်တန်အောင် အလုပ် ကြိုးစားလုပ်ကြစေလိုကြောင်း စသည် တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ကိုးကား-စာပေဗိမာန်ထုတ် ပြည်သူ့ လက်စွဲစာစဉ် ““ဗိုလ်ချုပ်အောင်ဆန်း မိ
န့်ခွန်းများ””(၁၉၄၅-၁၉၄၇)

Share this

Related Posts

Previous
Next Post »