မြင်းစီးကြေးရုပ်တွေရဲ့ အဓိပ္ပာယ်

မြင်းစီးကြေးရုပ်တွေဟာ နိုင်ငံတော်တော်များများမှာ ရှိနေကြပါတယ်။ ဖော်ပြမယ့် အကြောင်းကတော့ မြင်းစီးကြေးရုပ်တွေရဲ့ အဓိပ္ပာယ်မျိုးစုံနဲ့ ထုလုပ်တဲ့ အကြောင်း ဖြစ်ပါတယ်။ Ma Eaint Myat Chel တင်ပြတာကို ကျွန်တော်တို့က ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။ 

မြင်း ရဲ့​ရှေ့​ခွာ တစ်ခု အသာ​လေး​ ​မြှောက်​ထား ပြီး မြင်းခေါင်း ကို အောက်သို့ စိုက်ထား လျှင် အဲဒီ ပုံ အ​နေအထား ဟာ " မြင်း​ပေါ် က ပုဂ္ဂိုလ်​ ဟာ လုပ်​ကြံ သတ်​ဖြတ်​ ခြင်း ခံရ တဲ့ ​ခေါင်း​ဆောင် ​" လို့ အဓိပ္ပာယ် ​သတ်​မှတ် ပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြင်း ရဲ့​ရှေ့​ခွာ တစ်ခု အသာ​ မြှောက်​ ကာ မြင်းခေါင်း ကို မော့ ထားလျှင် တော့ မြင်းစီး သူ ဟာ တိုက်ပွဲ အတွင်း မှာ ကျဆုံး သူ မဟုတ်ပဲ ၊ တိုက်ပွဲ က ရရှိ တဲ့ ဒဏ်ရ ဖြင့် ပြင်ပ တွင် သေဆုံး သူ ဖြစ်ပါ တယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြင်း ရဲ့ ခြေ လေးဖက် လုံး မြေပြင် ထိနေ ပါ က မြင်း​ပေါ် က ပုဂ္ဂိုလ်​ ဟာ စစ်ပွဲ ၊ တိုက်ပွဲ ကြောင့် မဟုတ်ပဲ သာမန်​ သဘာဝအတိုင်း ဖြစ်ရိုး ဖြစ်စဉ်​ အရ ကွယ်​လွန်​ သွားသူ လို့ သတ်​မှတ် ​ပါတယ်​။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြင်း ရဲ့​ ရှေ့​ခြေ နှစ်​ဘက် လုံး လေထဲ မြောက်နေ ပါက မြင်း ပေါ်က ပုဂ္ဂိုလ်​ ဟာ ရန်​သူ နဲ့ တိုက်​ခိုက်​ရင်း တိုက်ပွဲ အတွင်း ကျဆုံးသွား ခဲ့သူ ဖြစ် ပါတယ်။

Share this

Related Posts

Previous
Next Post »