
တိုက်တန် ဟာ ကျွန်တော်တို့ လထက် ငါးဆယ်ရာခိုင်နှုန်း ပိုကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ နေအဖွဲ့စည်းထဲမှာ ဂျူပီတာဂြိုလ်ရဲ့လ Ganymede ပြီးရင် ဒုတိယ အကြီးဆုံး လ လည်း ဖြစ်ပါတယ်။ ဟိုက်ဒရိုကာဘွန် အရည်တွေ ရှိနေတဲ့ ရေကန်တွေက တိုက်တန်ပေါ်မှာ ရှိနေကြပါတယ်။ အဲ့ဒါကလည်း ကျွန်တော်တို့ အတွက် စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်လာနိုင်ပါသတဲ့။
နောက် ထူးခြားချက်တစ်ခုကတော့ အဲ့ဒီ လမှာ လေထု အလွှာလည်း ရှိနေပါတယ်။ Avatar ဇာတ်ကားထဲကလို ကျွန်တော်တို့ဟာ ပန်ဒိုရာ ဂြိုလ် အသစ်လို မျိုးကို နောင်တစ်ချိန် ခြေချရမှာလား ဆိုတာက စိတ်ဝင်စားစရာပါ။
ထက်အောင်ဖြိုး
(ထက်အောင်ဖြိုး သည် Virtual Light ၏ ဦးဆောင်သူ တစ်ဦး ဖြစ်သည်)